No Delete Virus သတ်နည်း

No Delete အမည်ရှိ files များထုတ်ပေးသော virus တစ်မျိုးအား ပြည်တွင်း computer များတွင်တွေ.ရှိလာသည်ဟု ကွန်ပျူတာများ အား အတတ်နိုင်ဆုံး windows ပြန်မတင်ပဲ
virus သတ်ပေးနေသော Mr.Htet Virus Lab; မှ သတင်းရရှိခဲ့ သည်..။

၎င်း worm virus မှာ 53248 bytes ရှိပြီး system 32 folder အောက်တွင် wcynsvc.exe နှင့် wcynsvc.ocx ဟူသော အမည်ဖြင့်နေရာ ယူထားပြီး...အခြားသော virus များ၏လုပ်ဆောင်ချက်များဖြစ်သော file ဝှက်ခြင်း ၊ Task Manager ၊ Folder Options နှင့် Registry editor ကိုပိတ်လိုက်ခြင်းများကိုလုံးဝ မလုပ်ပဲ စက်အတွင်း၌ virus မှရှိသကဲ့ သို.ဟန်ဆောင်နေတတ်သည်..။ထို.အပြင် windows services အတွင်း၌လည်း "Windows Net ware work information setup keep" ဟူ၌ အများမထင်မှတ်နိုင်လောက်သော အမည်ဖြင့် နေရာယူကာ အလုပ်လုပ်တတ်ပြီး အခြားသော Memory Sticks ,Flsah Drives များတတ်ဆင်လိုက်သောအခါတွင်လည်း 'No Delete' ဟူသော Folder ပုံစံပြုလုပ်ကာဝင်ရောက်ပြီး အမှန်မှာ Application file ဖြစ်ကာ user များမှားယွင်းဖွင့်မိစေရန် ရည်ရွယ်၌ ဤကဲ့ သို.ယောင်ဆောင်ထားခြင်းသာဖြစ်သည် ။


ဒီ virus ကိုသတ်မယ်ဆိုရင် Start>Run ထဲမှာ msconfig ကိုရိုက်ထည့် ကာ enter ခေါက်ပါ။        Services Tag ကိုနှိပ်ပြီး services စာရင်းအတွင်းရှိ ' Windows netware work information setup keep' အမှန်ခြစ်ကိုဖြုတ်ရ ပါမယ်..။ပြီးလျှင် စက်ကို Restart ချပါ ။ပြန်တက်လာလျှင်  Start>Run မှာ services.msc လို.ရိုက်ပါ ..။enter ခေါက်ပါ ။တက်လာတဲ့ services စာရင်းထဲက 'windows netware work information setup keep' အပေါ် မှာ Right-click နှပ်ပြီး Stop ကိုနှိပ်ရ ပါမယ်  ။ပြီးလျှင် Start>Run မှာ %systemroot% ထဲ က files တွေထဲ မှာ wcynsvc.exe နဲ. wcynsvc.ocx ဖိုင်နှစ်ခုကိုရှာပြီး delete လုပ်ပါ ..။ပြီးလျှင် Restart ထပ်ချပါ ။ အဲဒါဆို Virus သေသွားပါပြီ
ဟု Mr.Htet Virus Lab; မှ  ကိုထက်လင်းစိုး ကပြောကြားသည်။
လည်ရင်းပတ်ရင်းသယ်ဆောင်လာသောအသိပညာများအား ပြန်လည်မျှဝေခြင်းသာဖြစ်သည်။

No comments: