Android ဖုန်း နဲ့  Zawgyi (part - 2 )






ကျတော်လည်း  အွန်းလိုင်းပေါ် မရောက်ဖြစ်တာနည်းနည်းကြာသွားတော့   my team ထဲကိုလည်းမ၀င်ဖြစ်ဘူး..ပြီးတော့  တချို့ မေးထားတာတွေကိုလည်း ပြန်မဖြေဖြစ်ဘူးဖြစ်နေတာလေးတွေကို  ဒီကနေပဲ  တောင်းပန်လိုက်ပါတယ်..ကျတော် post တွေလည်းမရေးတာကြာတော့ ခု post အသစ်လေးတစ်ခု တင်လိုက်ပါတယ်... ကျတော့ရဲ့    Android ဖုန်း နဲ့  Zawgyi  ဆိုတဲ့ post လေးကို ဖတ်ပီး ခုလက်ရှိမဆင်မပြေတဲ့  လူတွေအတွက်ပါ .. 


Android version 2.3.X တွေအတွက်တော့  ကျတော် ပထမရေးထားတဲ့ Android ဖုန်း နဲ့  Zawgyi ဆိုတဲ့ post  လေးအတိုင်းလုပ်ရင် အဆင်ပြေပါတယ် ( samsung ဖုန်းတွေအတွက် root လုပ်စရာမလိုပဲ  အဆင်ပြေပါတယ်) ။ 

နောက်ထွက်တဲ့ Android version 4.X တွေမှာတော့  အရင်အတိုင်းလုပ်ပေမယ့်   မြန်မာစာ (ဇော်ဂျီ) ကို Gtalk ၊ Messages တွေမှာတော့  မြန်မာစာကို မြင်ရပီး Gmail ၊ Facebook စတာတွေမှာ မြန်မာစာကို  မမြင်ရတော့ပါဘူး...  Gmail ၊ Facebook စတာတွေမှာ မြန်မာစာကို မြင်ရဖို့ အတွက်  Opera Mini Web Browser ကို ဖုန်းထဲ အရင် install အရင်လုပ်ပါ..ပီးရင်  Opera Mini ကနေ Gmail ၊ Facebook စတာတွေဖွင့်ရင်တော့   မြန်မာစာကို  မြင်ရပါတယ်..။

နောက်တစ်ခုက မြန်မာလက်ကွက်ကတွက်ကလည်း  iTextMM2 ကလည်း  version 4.X အမျိုးအစားတွေမှာ အသုံးပြုလို့ မရတော့ပါဘူး..အဲ့ဒီအတွက်လည်း version 4.X တွေမှာ အသုံးပြုလို့ ရတဲ့ FrozenKeyboard_1.1.3  ကို အောက်မှာထပ်တင်ပေးထားပါတယ်.. မသိသေးတဲ့လူတွေအတွက်  ကျတော်သိထားသလောက်လေးပြန်ပီး ရှယ်လိုက်တာပါ..အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်..  အဆင်မပြေရင် comment လေးတွေချန်ခဲ့ပေးပါ.....ဆက်လက်မျှဝေပါအုံးမယ်....။ 




No comments: