Showing posts with label Portable. Show all posts
Showing posts with label Portable. Show all posts

VZO Chat 6.3 Portable



ခုလေးတင်  ကျတော့ချစ်သူလေးနဲ့ ဖုန်းဆက်ရင်းနဲ့  vzo အကြောင်းကိုရောက်သွားပီး portable လေးလိုချင်တယ်ဆိုတာနဲ့   ချက်ချင်းကို ထပီးတော့ ရှာလိုက်တာ (ချစ်သူစကားဆိုတော့ ဒီလိုပဲဖြစ်ရမှာပဲလေ :D  )  version 6.3 လေးတွေ့ တာနဲ့  တခါတည်းတင်ပေးလိုက်တာပါ..ကျတော်လည်း  အလုပ်တွေရှုပ်နေတာနဲ့   ကျတော့တို့ ရဲ့  blog လေးမှာ post အသစ်တွေမတင်နိုင်တာ ကြာပီ..လာလည်တဲ့လူတွေကိုလည်း  အားနာတယ်...ဒါကြောင့်  ကျတော် အချိန်ရရင်ရသလို post လေးတွေ တင်ပေးနေပါမယ်..လိုအပ်တဲ့ software တွေရှိရင်လည်း cbox လေးမှာ စာချန်ခဲ့ပါ  အမြန်ဆုံး  အကြောင်းပြန်ပေးပ့ါမယ်...ဆက်လက်မျှဝေပါအုံးမယ်




mediafire   ၊     ziddu


Google Talk v1.0.0.104 (portable)






ကျတော်ရဲ့ သူငယ်ချင်းတွေထဲမှာ ပြည်ပရောက်နေတဲ့ သဘောင်္သားတွေရှိတယ်...သူတို့ တွေ ကမ်းကပ်တဲ့အချိန်၊ အားတဲ့အချိန်တွေအချို့ မှာ တခါတလေ  လျှောက်သွားရင်  နဲ့  internet ဆိုင်တွေထိုင်ဖြစ်ကြတယ်..အဲ့မှာ တချို့ ဆိုင်တွေက gtalk ဆိုတာကို  စက်ထဲမှာ ထည့်ပေးထားရကောင်းမှန်းမသိဘူးဗျ  :D  . ပီးတော့  တချို့ ဆိုင်တွေက သူတို့ စက်ကို software တွေကိုinstall လုပ်လို့ မရအောင် လုပ်ထားတယ်.....အဲ့ဒီတော့   ကမ်းကပ်တုန်းလေး  chatting လေးသုံးချင်ကြတော့  ဖုန်းဆက်လာတယ်..ဘယ်လိုလုပ်ရမလည်းပေါ့..အဲ့ဒါနဲ့ ပဲ  အဲ့လိုလူတွေအဆင်ပြေအောင် gtalk portable လေး တင်ပေးလိုက်တာပါ...Gtalk portable  လေး   USB stick ထဲမှာရှိရင်  အေးအေးဆေးဆေး ဘယ်နေရာရောက်ရောက် အဆင်ပြေတာပေါ့..ခုတင်ပေးထားတဲ့ Gtalk portable လေးက window vista , window XP , window 7 အားလုံးမှာ အလုပ်လုပ်ပါတယ်.....လိုချင်တဲ့လူတွေလည်း  တခါတည်း ယူလို့ ရအောင် download link လေးတွေပေးထားပါတယ်...download လုပ်သွားနိုင်ပါတယ်..ဆက်လက်မျှဝေပါအုံးမယ်..


mediafire    ၊     ifile


Mp3tag v2.49b (portable)



မနေ့ က gtalk မှာ  အွန်လိုင်းကနေခင်တဲ့  ညီ တစ်ယောက်က လှမ်းပီးတော့ " MP3 သီချင်းတွေကို  ဖွင့်တဲ့အခါမှာ  အဲ့ဒီ သီချင်းမှာ  ကိုယ်ထည့်ထားချင်တဲ့ ပုံလေးပေါ်အောင် လုပ်လို့ ရလားတဲ့ slideshow ပုံစံမဟုတ်ပဲ  သီးသန့် ပုံလေးနဲ့  လုပ်ချင်လို့ တဲ့... လုပ်လို့ ရလား..ရရင်လည်း  ဘယ်လိုလုပ်တာလည်းတဲ့ " ......မိတ်ဆွေတို့ လည်း  တွေ့ ဖူးမှာပေါ့  သီချင်းဖွင့်ရင်  တချို့ သီချင်းတွေမှာ  သီချင်းကာဘာရဲ့  ပုံလေးတွေ  ပေါ်နေတယ်လေ..အဲ့လိုမျိုးပေါ့..  အဲ့ဒီလိုပုံလေးတွေပေါ်အောင်လုပ်လို့ ရတဲ့ software တစ်မျိုး ကျတော်  အရင်က  စမ်းဖူးတယ်..ဒါနဲ့  သိမ်းထားတဲ့ အထဲမှာ  ပြန်ရှာကြည့်တော့  တွေ့ တယ် software နာမည်က MP3tag  တဲ့...အဲ့ဒါနဲ့   လှမ်းပေးမလို့ လုပ်ရင်း ဗားရှင်းအသစ်လေးများထွက်သေးလားဆိုပီး  အွန်လိုင်းပေါ် တတ်မွှေတော့  ဗားရှင်းအသစ်  Mp3tag v2.49b   ဆိုတာလေးတွေ့ တယ်...ကျတော်မှာရှိတဲ့  အဟောင်းက mp3 တွေကိုပဲ  support လုပ်တာ ..ခုတင်ပေးတဲ့ အသစ်က mp4 ပါ  ရတယ်...ပီးတော့ portable လေး  ရှိမလားဆိုပီး ရှာတော့  တွေ့ တာနဲ့   လိုချင်တဲ့လူတွေပါ အဆင်ပြေအောင်တခါတည်း တင်ပေးလိုက်တာပါ... လေရှည်လက်စနဲ့ တော့ တခါတည်း အသုံးပြုပုံလေးကိုပါ  မသိတဲ့ လူတွေအတွက်  ဆက်ပီး တော့  လေရှည်လိုက်ပါတယ်..  ။

FotoMix ( Portable)





ဒီ software လေးက   FotoMix  ဆိုတဲ့အတိုင်း  ဓာတ်ပုံတွေကို ကိုယ့်ဘာသာ အလွယ်တကူပဲ ပေါင်းစပ်လို့ ရပါတယ်...ပထမ background ပုံလေးရွေးပီး  ကိုယ်ထည့်ချင်တဲ့ပုံလေးကို ထပ်ရွေးပေးပီး အလွယ်တကူပဲ ပေါင်းစပ်လို့ ရပါတယ်...  ပီးတော့  software ထဲမှာ ပုံတွေကို ပြင်ဆင်ဖို့  effects လေးတွေလည်း ပါပါတယ်...ကျတော်ပြောနေရင် ရှုပ်နေအုံးမယ်  ကိုယ်တိုင်စမ်းကြည့်ကြည့်လိုက်ပါ...  ဆော့ဝဲလ်ရဲ့ ဆိုဒ်ကလည်း 2 MB တောင်မရှိပါဘူး... ပီးတော့ portable လေးဖြစ်တော့ ဘယ်သွားသွား ဆောင်ထားလို့ လည်းရပါတယ်..လိုချင်ရင်တော့ အောက်က download link တွေကနေ အဆင်ပြေတဲ့နေရာက ဒေါင်းသွားပါ...ဆက်လက်မျှဝေပါအုံးမည်...



mediafire    ၊     ifile 


Photoshop CS6 Pre-Release (portable)



Photoshop software အကြောင်းကိုတော့ သိထားပီးဖြစ်မယ်ထင်လို့   ရှင်းပြမနေတော့ပါဘူး..ခုက Photoshop  CS6 Pre-Release  ဆိုပီးအသစ်ထွက်တာလေးတွေလို့   အသုံးပြုလို့ ရအောင်  တင်ပေးလိုက်တာပါ..  အောက်မှာ  သူရဲ့  ဒီဇိုင်းအသစ်ပုံလေးပါ....




CS 5 ထက်  ဘာတွေထူးလည်းဆိုတာသိချင်ရင်တော့ ဒေါင်းပီးတော့သာ  သုံးကြည့်ပါ..  သဘောကျမှာပါ...  portable ဖြစ်တဲ့အတွက်  ဘယ်နေရာသွားသွား strick ထဲထည့်ပီးယူသွားလို့ ရတာပေါ့...download လုပ်ပီးလို့   စက်ထဲမှာ run ပီးလို့  ဘာမှတတ်မလာရင်  C: ထဲကိုသွားပါ..အဲ့ဒီထဲမှာ  AdobePhotoshopCS6Portable  ဆိုတဲ့ file လေးကို တွေ့ ပါလိမ့်မယ်...အဲ့ဒီထဲဝင်ပီးတော့AdobePhotoshopCS6Portable ဆိုတဲ့ သူရဲ့ icon လေးကို  desktop ပေါ်ကို shortcut ထုပ်လိုက်ပါ.. desktop ပေါ်ကို icon လေးရောက်လာပီဆိုရင် အဲ့ကောင်လေးကို ထပ် run ပီး  အသုံးပြုလို့ ရပါပီ... လိုချင်တဲ့လူတွေ  အောက်က အဆင်ပြေတဲ့လင့်ကနေ download လုပ်သွားပါ..ဆက်လက်မျှဝေပါအုံးမည်..


mediafire   ၊     ifile 

Keylogger Detector 1.33 Portable



ကိုယ်အသုံးပြုနေတဲ့ စက်မှာ  keylogger သုံးထားမထားကို အလွယ်တကူ  စစ်လို့ ရတဲ့ software လေးပါ.. ကျတော်မှာ ရှိနေတာတော့ကြာပီ  အခုမှပဲတင်ပေးလိုက်တာပါ... portable software လေးဖြစ်တဲ့အတွက် ဘယ်သွားသွား ဆောင်သွားလို့ ရတာပေါ့ဗျာ...ဒီကောင်လေးကို run ပီး  scan ဖတ်လိုက်တာနဲ့   မိမိအသုံးပြုနေတဲ့ ကွန်ပျူတာမှာ လက်၇ှိ  စက်က run ထားတာတွေကို ဖော်ပြပေးပါလိမ့်မယ်... အဲ့ဒီထဲမှာ  keylogger ပါတယ်ဆိုရင်တော့ ထပီးတော့သာ  လစ်ပေတော့   ။
လိုချင်ရင်တော့ အောက်မှာ  Keylogger Detector 1.33 Portable   ရဲ့ download လင့်လေးတွေပေးထားပါတယ်...  download လုပ်သွားပါ ...။


mediafire   ၊   ifile 

HTML Portable Editor - Untitled



ဒီဆော့ဝဲလ်လေးက HTML code တွေကို အလွယ်တကူ အသုံးပြုချင်တဲ့ လူတွေအတွက် အသုံးဝင်ပါတယ်... ခုမှစပီး HTML ကိုလေ့လာတဲ့လူတွေ ၊  Webဆိုဒ်ခုမှစလုပ်တဲ့ လူတွေအတွက် အသုံးဝင်မှာပါ..  ဒီsoftware လေးထဲမှာ  ဥပမာဗျာ ကိုယ်ရေးတဲ့ text  မှာ Italic (စာလုံးအစောင်း ) လေးကို အသုံးပြုချင်တယ်ဆို့ ပါဆို့ ... ဆော့ဝဲလ် Text ကို နှိပ်ပီး အဲ့ဒီထဲက Italic ဆိုတာလေးကို နှိပ်လိုက်ရင်  အောက်မှာ <i></i> ဆိုပီးပေါ်လာမယ်  ...အဲ့ဒီ <i> နဲ့  </i> ကြားထဲမှာ ကိုယ်ရေးချင်တဲ့စာတွေကို ရေးလိုက်ရင်  အဲ့ဒီစာတွေက စာလုံးအစောင်းလေးတွေနဲ့  ပေါ်လာမှာပါ.. အဲ့ဒီလိုပဲ  သီချင်းထည့်မယ် ၊ ဗီဒီယိုထည့်မယ်......စသည်ဖြင့်ထည့်ချင်တာလေးတွေကို  နှိပ်ကြည့်လိုက်တာနဲ့   HTML code လေးတွေ ကို ပြထားပေးပါတယ်... ဒီ software လေးထဲမှာ HTML code sample လေးတွေတော်တော်များများပါပါတယ်...စမ်းသုံးကြည့်ကြည့်ပါ... HTML code တွေအကြောင်း မသိသေးတဲ့လူတွေအတွက် အသုံးဝင်ပါတယ်..လိုချင်တဲ့လူများ အောက်ကဒေါင်းလော့လင့်တွေကနေ အဆင်ပြေတဲ့ဆီက download လုပ်သွားပါ..


mediafire    ၊    ifile

Rapid Typing



ဒီ software လေးက typing ကျင့်တဲ့ software လေးပါ...ခုမှကွန်ပျူတာစသုံးတဲ့လူတွေအတွက်   typing ကျင့်တဲ့  နေရာမှာ အသုံးပြုလို့ ရပါတယ်...  ပီးတော့ ဒီ  RapidTyping  က  ကွန်ပျူတာရဲ့ keyboard ပေါ်မှာ လက်ကို ဘယ်လိုထားရမယ် ၊ လက်ချောင်းတွေရဲ့ ရိုက်ရမယ့် စာလုံးတွေကိုပါ အသေးစိတ်ပြသထားပေးပါတယ်..  စနစ်တကျ typing ကို သင်ချင်တဲ့လူတွေအတွက်  အသုံးဝင်မှာပါ..ကျတော်တောင်  သူပြထားတဲ့လက်ချောင်းတွေရဲ့ လှုပ်ရှားမှုအတိုင်း လိုက်ရိုက်တာ အဆင်သိပ်မပြေဘူး  :) (အဲ့လို အခြေခံတွေကို ပိုင်တာ  :D)  .  Typing ကို စနစ်တကျကျင့်ချင်တဲ့လူတွေအတွက်  အလွန်အသုံးဝင်ပါတယ်...အင်တာနက်ဆိုင်တွေဘာတွေရောက်လို့  လေ့ကျင့်ချင်တဲ့လူတွေအတွက်ပါ  အဆင်ပြေအောင် portable လေးတင်ပေးလိုက်ပါတယ်  လိုအပ်တဲ့လူများ download လုပ်သွားပါ  .


mediafire    ၊     ifile

Alram Clock Portable 2.3


ကွန်ပျူတာကို ထမင်းမေ့ဟင်းမေ့သုံးတတ်တဲ့လူတွေအတွက်  (ကျတော်လည်း အဲ့ဒီစာရင်းထဲမှာ ပါပါတယ်) လိုအပ်တဲ့  Alram software လေးပါ...ကျတော့တို့ တွေ  ကွန်ပျူတာရှေ့ ရောက်တာနဲ့ အချိန်ဆိုတဲ့  အရာကို  မေ့မေ့သွားတာ  မနည်းတော့ပါဘူး..  ဂိမ်းဆော့နေရင်  ပိုတောင်ဆိုးပါသေးတယ်...ဘာမှကို  သတိမရတော့တာပါ  :D..  ချိန်းထားတဲ့ ကိစ္စတွေနောက်ကျ    သတိရလို့   အချိန်ကြည့်လိုက်တိုင်း   အမြဲနောက်ကျနေတာ  များပါတယ်  ..ဒါကြောင့်  အဲ့လိုလူတွေအတွက်  ဒီလို alram က လိုအပ်ပါတယ်...ဘယ်သွားသွား  အဆင်ပြေစွာ အသုံးပြုလို့ ရအောင် portable လေး  တင်ပေးထားပါတယ်..လိုအပ်မယ့်လူများအတွက်  အောက်မှာ တင်ပေးထားပါတယ်..  ကျတော်ကိုယ်တိုင်လည်း ဆောင်ထားပါတယ်  :)


mediafire    ၊    ifile 

4Media Photo Slideshow Maker


Photo တွေကို သီချင်း ၊ Viedo တွေ  ထည့်ပီး   အလွယ်တကူ Slideshow လုပ်ချင်တဲ့လူတွေအတွက်      4Media Photo Slideshow Maker  ဆိုတာလေးထပ်တင်ပေးတာပါ...ဒီ software လေးနဲ့   ပုံတွေကို  အလွယ်တကူ slideshow  လေးလုပ်လို့ ရပါတယ်.. ဒီ software လေးရဲ့ အားသာချက်ကတော့  slideshow လုပ်ပီးသွားတဲ့ file ကို ထုတ်တဲ့ (output settings )နေရာမှာ အမျိုးအစားတွေ အများကြီးရွေးချယ်လို့ ရပါတယ်..  ဆော့ဝဲလ်ကတော့  potoble  အမျိုးအစားလေးပါပဲ....          လိုချင်ရင် အောက်မှာ  ဒေါင်းသွားပါ...



                                                 mediafire   ၊       ifile

KalKules 1.6





Calculator ကို အလွယ်တကူအသုံးပြုချင်တဲ့ လူတွေအတွက်တင်ပေးလိုက်တာပါ...ပေါ့ပေါ့ပါးပါးလေးနဲ့  ဘယ်နေရာသွားသွား အသုံးပြုလို့ ရအောင် portable လေးတင်ပေးလိုက်ပါတယ်..strick ထဲ ဆောင်ထားလို့ ရတာပေါ့..လိုအပ်ရင် ယူသွားပါ ..အောက်မှာတင်ပေးထားပါတယ် ...။











Mediafireifile

Windows 7 Autorun Disabler v2.0



ဒီ software လေးက Computer မှာ USB Drive တွေနဲ့  CD Drive တွေကို autorun ပေးထားတဲ့လူတွေမှာ တချို့ USB Drive တွေနဲ့  CD Drive တွေကနေ Virus တွေ အလွယ်တကူ ၀င်လာတတ်ပါတယ်....အဲ့ဒါကြောင့် autorun နဲ့ ရေးထားတဲ့ Bat File တွေရန်ကနေ ကာကွယ်ချင်တဲ့လူတွေအတွက်တင်ပေးလိုက်တာပါ...မိမိကြိုက်နှစ်သက်တာကို ရွေးပီး Disable ပေးလို့ ရပါတယ်....ဘယ်နေရာသွားသွား ဆောင်သွားလို့ ရအောင် portable လေးတင်ပေးထားပါတယ်..လိုချင်ရင် အောင်မှာဒေါင်းသွားပါ....




zwani.com myspace graphic comments





Texas Hold'em Poker 3D


အပျင်းပြေဆော့ဖို့  poker (ကာစီနို) ဂိမ်းလေးတင်ပေးလိုက်တယ်....ဆော့လို့ ကောင်းပါတယ်.....အွန်လိုင်းနဲ့ ပါချိတ်ပီး ဆော့လို့ ရပါတယ်...ဘာ install မှလုပ်စရာမလိုပါဘူး potable လေးပါ...လိုချင်ရင်ယူသွားပါ..အောက်မှ တင်ပေးထားပါတယ်....

SlowChees Blitz WV2.1


Chees game လေးပါ...file ဆိုဒ်က 587 KB လေးပဲရှိပါတယ်...သေးသေးလေးပါ...အထင်တော့မသေးလိုက်နဲ့ နော်....နိုင်အောင်ဆော့ကြည့်ပါ.. Chees လက်ရွေးစင်တွေတောင် နိုင်အောင်တော်တော်ဆော့ယူရတဲ့ game လေးပါ... Chees ထိုးတာ ၀ါသနာပါတဲ့လူတွေ စမ်းကြည့်ကြည့်ပါ..နိုင်ခဲ့ရင် တကယ်ချီးကျူးရမှာပါ..ကျတော်တော့ ဆော့ကြည့်ပီးပီ....မနိုင်လို့  မဆော့တာကြာပေါ့..ခုမှသတိရလို့  တင်ပေးလိုက်တာပါ..အောက်မှာတင်ပေးထားပါတယ် ...လိုချင်ရင်ဝင်ယူသွားပါ... Portable အမျိုးအစားလေးပါ..


Adobe Photoshop CS5 (portable)





Adobe Photoshop ရဲ့ နောက်ဆုံးထွက် ဗားရှင်း CS5 သုံးချင်တဲ့လူတွေအတွက် တင်ပေးထားပါတယ်..
ဒီကောင်လေးလည်း portable လေးပါပဲ...အလွယ်တကူသုံးလို့ ရတာပေါ့... photoshop သမားတွေနဲ့  photoshop ကို စိတ်ဝင်စားတဲ့လူတွေအတွက်ပါ...potable ဆိုတော့ ဘယ်သွားသွား stick လေးထဲထည့်ပီး ယူသွားလို့ ရတာပေါ့ဗျာ....လိုချင်ရင်အောက်မှာတင်ပေးထားပါတယ်...

Mediafire / ifile

CCleaner (portable)


CCleaner ကတော့ ကိုယ့်ရဲ့ computer ထဲမှာမလိုအပ်တဲ့ပဲ computer ကိုလေးစေတဲ့ဖိုင်တွေ ....မလိုအပ်ပဲ စက်ကအလိုအလျှောက်မှတ်သားထားတဲ့ History file တွေစသဖြင့် ...ဖိုင်တွေကို ရှင်းတဲ့နေရာမှာ အသုံးဝင်ပါတယ်..ပုံမှန်ဆိုရင် run ဘောက်ကိုခေါ်ပီး %temp% , resent တို့ ဘာညာဆိုပီးရိုက် ပီးတာနဲ့ လိုက်ဖျက်နေရတာ..ဒီတော့အချိန်ပေးရတာပေါ့...ဒီ CCleaner လေးကို သုံးလိုက်တော့ အဆင်ပြေသွားတာပေါ့...ခုက portable လေးဆိုတော့ install လုပ်စရာတောင်မလိုတော့ဘူး...လိုအပ်ရင် ယူသွားပါ...