ဒီ ပိုစ့်လေးက patch , crack , keygen စတာတွေကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ မသိထားသေးတဲ့ လူတွေအတွက်ရည်ရွယ်ပီး ကျတော်သိသလောက်လေးရေးထားတာပါ...သိပီးသားလူတွေကတော့ ဖတ်ဖို့ မလိုပါဘူး ခင်ဗျာ....
ကျတော့ရဲ့ သူငယ်ချင်းတွေထဲမှာ ကွန်ပျူတာကို ခုမှစပီး အသုံးပြုတဲ့လူတွေ ၊ စပီးလေ့လာတဲ့လူတွေရှိတယ်….အဲ့ဒီမှာ တချို့ က ကျတော်ကို ဘာဆော့ဝဲလ်လေးပေးပါ...ညာလေးလုပ်ပေးပါဆိုပီး ပြောလာတယ်…တချို့ ကျတော့လည်း MY Team ထဲကနေပီး သူတို့ လိုအပ်တဲ့ ဆော့ဝဲလ်လေးတွေ ဒေါင်းကြပါတယ်… MY Team blog ထဲမှာတင်ပေးထားသမျှ software တွေအားလုံးကို
full version အနေနဲ့  အသုံးပြုလို့ ရအောင်
(freeware တွေမှလွဲပီး) Patch ၊
Crack ၊ Keygen ၊ Serial Key စတာတွေကို တစ်ခုမဟုတ်တခု ထည့်ပေးထားပါတယ်….အဲ့မှာ ပြဿနာက စတာ :D .. အဲ့မှာ software ကို download လုပ်ပီးတော့ ခုမှ ကွန်ပျူတာနဲ့  စပီး ထိတွေတဲ့လူတွေက patch တို
့ crack တို့ ကို ဘယ်လိုအသုံးပြုရမှန်းမသိဘူး…အဲ့ဒီမှာ gtalk ကနေ ပြောတော့တာပဲ..ပေးထားတဲ့ software က date က ကုန်သွားလို့  သုံးလို့ မရတော့ဘူး ၊ install လုပ်ပီး သုံးလို့ မရတော့ဘူး ဘာဖြစ်တယ်ညာဖြစ်တယ် ဆိုပီး ပြောလာကြပါတယ် ... အဲဒီအတွက်
တခါတည်းနဲ့  မသိသေးတဲ့လူတွေအတွက် ကျတောသိသလောက်လေးကို post အဖြစ်ရေးပီးတင်လိုက်တာပါ……
Patch အသုံးပြု
ဆော့ဝဲလ်က PCSpeedMaximizer ဆိုပါတော့....။
1.
ပထမဆုံး
PCSpeedMaximizer .exe ကို run ပီး PCSpeedMaximizer ကို စက်ထဲသို့ 
install လုပ်လိုက်ပါ..။
2.
Install လုပ်ပီးသွားပီဆိုရင် အဲ့ဒီဆော့ဝဲလ်ကို ပိတ်လိုက်ပါ…။
3.
ပီးရင် patch ဖိုင်ကို မ run ခင် မိမိရဲ့စက်ထဲက
Antivirus ကို pause လုပ်ပါ..ပီးသွားရင် ပေးထားတဲ့ patch ဖိုင်ကို copy လုပ်ပီး C:/program/PCSpeedMaximizer ထဲကိုထည့်ပါ.. နောက်တနည်း
- desktop ပေါ်က PCSpeedMaximizer icon ကို right click / properties / Open File Location ဆိုတာကို ရွေးပီး ဆော့ဝဲလ်ရဲ့ program file ထဲကို patch ကို ထည့်လိုက်ပါ..
။
4.
ထည့်ပီးသွားပီဆိုရင် patch ကို right click ပီးရင် run as administrator နဲ့ run လိုက်ပါ..ပီးသွားရင် patch done ဆိုတာပေါ
်လာပီး full version ဖြစ်သွားပါပီ..။
Crack
အသုံးပြုပုံ
Patch ကို
အသုံးပြုပုံနဲ့  သိပ်မကွာပါဘူး…. အဆင့်
(1) (2) (3) က အတူတူပါပဲ…. Crack ကို
software ရဲ့ program ဖိုင်ထဲကို ထည့်ပါ….ပီးသွားပီ ဆိုတာနဲ
့ ဖွင့်ထားတဲ့ ဖိုင်ကို ပိတ်လိုက်ပါ…ပီးရင်
desktop ပေါ်က icon ကို right click - run as administrator နဲ့  run လိုက်ရင် full version အနေနဲ့  အသုံးပြုလို
့ရပါပီ.. ပြောစရာနည်းနည်းရှိတာကတော့ တချို
့ ဆော့ဝဲလ်တွေမှာ ( ဥပမာ - USB Disk Security ) crack ကို ပုံမှန်အတိုင်း ထည့်လို့ မရပဲ ဖြစ်နေတတ်ပါတယ်…အဲ့ဒီလိုဆိုရင် taskbar က သူ့ ရဲ့ icon ကို right-click နှိပ်ပီး
Exit လုပ်လိုက်ပါ..ပီးသွားပီဆိုရင် crack ကိုထည့်လို့ ရပါပီ…
Keygen အသုံးပြုပုံ
keygen ကတော့ freeware မဟုတ်တဲ့ ဆော့ဝဲလ်တွေမှာ လိုအပ်တဲ့ License Key ကို ဖော်ပြပေးထားတာပါ...အဲ့ဒီမှာ ပေးထားတဲ့ လိုင်စင်ကီးကို software ရဲ့ လိုအပ်တဲ့ လိုင်စင်ကီးဖြည့်ရမယ့်နေရာမှာ ထည့်ပေးလိုက်တာနဲ့  အဲ့ဒီ software ကို full version အဖြစ်နဲ့  အသုံးပြုလို့ ရပါပီ...ပထမဆုံး ဖော်ပြထားတဲ့ key နဲ့  အဆင်မပြေရင် keygen က Generate နေရာလေးကို နှိပ်လိုက်ပါ...နောက်ထပ် လိုင်စင်ကီး တစ်မျိုး ထပ်ပေးပါလိမ့်မယ်... ( keygen တွေမှာ လိုင်စင်ကီးကို တစ်မျိုးတည်းပေးထားတာရှိသလို လိုင်စင်ကီးတွေအများကြီးထည့်ပေးထားတာလည်းရှိပါတယ်)
ဒီလောက်ဆိုရင်တော့ လုံးဝမသိသေးတဲ့လူတွေလည်း Patch , Crack , Keygen တွေကို ဘယ်လိုအသုံးပြုရမလည်းဆိုတာ သိလောက်ပါပီ... ဒီပိုစ့်ကို အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..လိုအပ်တာတွေရှိရင်လည်း ဝေဖန်နိုင်ပါတယ်...
No comments:
Post a Comment