မနေ့ က gtalk မှာ အွန်လိုင်းကနေခင်တဲ့ ညီ တစ်ယောက်က လှမ်းပီးတော့ " MP3 သီချင်းတွေကို ဖွင့်တဲ့အခါမှာ အဲ့ဒီ သီချင်းမှာ ကိုယ်ထည့်ထားချင်တဲ့ ပုံလေးပေါ်အောင် လုပ်လို့ ရလားတဲ့ slideshow ပုံစံမဟုတ်ပဲ သီးသန့် ပုံလေးနဲ့  လုပ်ချင်လို့ တဲ့... လုပ်လို့ ရလား..ရရင်လည်း ဘယ်လိုလုပ်တာလည်းတဲ့ " ......မိတ်ဆွေတို့ လည်း တွေ့ ဖူးမှာပေါ့ သီချင်းဖွင့်ရင် တချို့ သီချင်းတွေမှာ သီချင်းကာဘာရဲ့ ပုံလေးတွေ ပေါ်နေတယ်လေ..အဲ့လိုမျိုးပေါ့.. အဲ့ဒီလိုပုံလေးတွေပေါ်အောင်လုပ်လို့ ရတဲ့ software တစ်မျိုး ကျတော် အရင်က စမ်းဖူးတယ်..ဒါနဲ့  သိမ်းထားတဲ့ အထဲမှာ ပြန်ရှာကြည့်တော့ တွေ့ တယ် software နာမည်က MP3tag တဲ့...အဲ့ဒါနဲ့  လှမ်းပေးမလို့ လုပ်ရင်း ဗားရှင်းအသစ်လေးများထွက်သေးလားဆိုပီး အွန်လိုင်းပေါ် တတ်မွှေတော့ ဗားရှင်းအသစ် Mp3tag v2.49b ဆိုတာလေးတွေ့ တယ်...ကျတော်မှာရှိတဲ့ အဟောင်းက mp3 တွေကိုပဲ support လုပ်တာ ..ခုတင်ပေးတဲ့ အသစ်က mp4 ပါ ရတယ်...ပီးတော့ portable လေး ရှိမလားဆိုပီး ရှာတော့ တွေ့ တာနဲ့  လိုချင်တဲ့လူတွေပါ အဆင်ပြေအောင်တခါတည်း တင်ပေးလိုက်တာပါ... လေရှည်လက်စနဲ့ တော့ တခါတည်း အသုံးပြုပုံလေးကိုပါ မသိတဲ့ လူတွေအတွက် ဆက်ပီး တော့ လေရှည်လိုက်ပါတယ်.. ။
အောက်မှာ တင်ပေးထားတဲ့ Mp3tag ကို ဒေါင်းပီးသွားလို့  rar ဖိုင်လေကို ဖြည်လိုက်ရင် ဖိုင်ထဲမှာ Mp3tag ရဲ့ exe ဖိုင်လေးတွေ့ ပါလိမ့်မယ်..ပီးရင် အဲ့ကောင်လေးကို run လိုက်ပါ..ခဏလေးကြာရင် အပေါ်က ပုံလေးအတိုင်း Reading tag data ဆိုပီး စက်ထဲက mp3 နဲ့  mp4 တွေကို သူဘာသာသူရွေးပါလိမ့်မယ်..ပီးသွားရင်တော့ အောက်ကပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်..
အဲ့ဒီလိုပေါ်လာပီဆိုရင် ကိုယ်ပုံထည့်ချင်တဲ့ သီချင်းကို ကလစ်ထောက်လိုက်ပါ...ပီးသွားရင် ဘယ်ဘက်အခြမ်းက Titel , Artist စတာတွေမှာ သူ့ ရဲ့ data တွေပေါ်နေပါမယ်..အဲ့မှာလည်း ကိုယ်ထည့်ချင်တာထည့်လို့ ရပါတယ်...ပီးတော့ ပုံထည့်ဖို့ အတွက်ကတော့ အောက်မှာပဲ ပုံထည့်ဖို့ ပေးထားတဲ့နေရာလေးမှာ right-click နှိပ်ပါ ..ပီးသွားရင် Add conver ကို ထပ်ရွေးလိုက်ပါ ပီးသွားရင် ပုံရွေးဖို့ အတွက်ပေါ်လာပီး ကိုယ်သဘောကျတဲ့ ပုံလေးကို ရွေးပေးလိုက်ပီဆိုရင် ပုံလေးပေါ်လာပါလိမ့်မယ်...ပီးတာနဲ့  save လိုက်ရင် အိုကေပါပီ...ပီးတော့ အဲ့ဒီသီချင်းလေးကို ဖွင့်ကြည့်ရင် ကိုယ်ထည့်ထားတဲ့ ပုံလေးကို မြင်ရမှာပါ...
လိုချင်တဲ့လူတွေအတွက် အောက်မှာ download လင့်လေးတွေပေးထားပါတယ် အဆင်ပြေတဲ့ နေရာကနေ ဒေါင်းသွားနိုင်ပါတယ်..ဆက်လက်မျှဝေပါအုံးမယ်..
No comments:
Post a Comment