E-mail Hacking ရန်မှ ကင်းဝေးရန်အတွက်

Phishing Attack

သူကတော့ Fake Login ပြုလုပ်ပြီး user ကို Login လုပ်စေပြီး username & password ကို ခိုးယူတာပါ ... အဓိကအားဖြင့်တော့ အသုံးများတဲ့ Social Networking Site, Google, Yahoo အစရှိတာတွေကို အတုအယောင် page တွေဖန်တီးပြီး ခိုးယူတာပါပဲ ... ဒါတွေကို ကာကွယ်ဖို့အတွက်ကတော့ မိမိအသုံးပြုထားတဲ့ URL ကို စစ်ဆေးကြည့်ကြဖို့ပါပဲ ... သူ့ရဲ့လုပ်ဆောင်ချက်တွေက URL  ပေါ်နေမှာ ပဲဖြစ်ပါတယ် ... ဥပမာအားဖြင့် www.facebook.com ကို http://www.facebook.freewebs.com/ အဖြစ် သူက ၀င်နေမှာပါ ... အမှုမဲ့အမှတ်မဲ့ sign in လုပ်ခဲ့မိရင်တော့ သွားပြီပေါ့ဗျာ ... သတိထားဖို့အတွက်ပါပဲ ... ဒါပေမယ့် တခုတော့ ရှိပြန်ရောဗျ ... URL တွေကို Mask ပေးနိုင်တဲ့ Site တွေကလဲ ရှိနေပြန်ရော ... ဒါကြောင့် သတိပေးချင်တာကတော့ ကိုယ့်ဟာကိုယ် ရိုက်ထည့်တာပဲကောင်းပါတယ်ဗျာ ... ဥပမာ www.gmail.com ပေါ့ ... ကိုယ့်မေးလ်ထဲကို ၀င်လာတဲ့ Link တွေကနေ Direct မနှိပ်မိစေဖို့ အတွက် သတိလေးပေးလိုက်ပါတယ် ...

URL Masking

Keylogger

သူကတော့ ကီးဘုတ်ကနေ ရိုက်သမျှစာလုံးတွေကို text log file တခုအနေနဲ့ သိမ်းထားတယ်ခင်ဗျ ... ဘာခလုတ်ကိုပဲနှိပ်နှိပ် မှတ်ထားတယ်ပေါ့ဗျာ ... ဒီတော့ ကိုယ်ဝင်ခဲ့တဲ့ Site တွေ username, password တွေအားလုံးကို log file ကနေ အလွယ်တကူ ပြန်ကြည့်ပြီး ခိုးယူသွားနိုင်တာပေါ့ဗျာ ... သူက software ရှိသလို Hardware လဲရှိတယ်ဗျ ...

Hardware Keylogger


Software Keylogger

Software Keylogger တွေကတော့ ကျွန်တော်လဲအစက Local PC တွေကိုပဲ ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ ထင်ခဲ့တယ် ... ဒါပေမယ့် မဟုတ်ဘူးဗျ ... အစွမ်းထက်တဲ့ Software တချို့မှာကျတော့ Spyware အဖြစ်သူက Mail ကနေတဆင့်ပို့ပြီး Data တွေကို ခိုးယူနိုင်တဲ့အပြင် တီဗီကြည့်နေသလို သူဘာလုပ်နေလဲဆိုတာကအစ အကုန်လုံးကို ကြည့်ရှုနိုင်တယ်တဲ့ခင်ဗျား ... နည်းပညာများ တယ်ကြောက်စရာကောင်းတာပဲနော် ... ဘာ Software တွေလဲတော့ မမေးနဲ့နော် ... ပြောပြဘူး ... သူကလဲ Phishing လိုပါပဲ ... Mail တစောင်ရောက်လာမယ်ဗျာ ... အဲ့ထဲမှာ Link တခုအဖြစ်ပါမယ် ... ဒေါင်းလုပ်လုပ်ခိုင်းမယ် ... အဲ့တာကို Install လုပ်ခဲ့မိရင်တော့ သွားပြီပေါ့ဗျာ ...

Firefox တွင် Configuration ၀င်ရောက်ပြင်ဆင်ခြင်း

ဒီနည်းလေးနဲ့လဲ user တွေရဲ့ password, username တွေကို ခိုးယူနိုင်တယ်ခင်ဗျ ... အသေးစိတ်ကိုတော့ မရေးပြတော့ဘူးနော် ... (သိချင်တဲ့သူများ mail ပို့ပေးထားနိုင်ပါကြောင်း) ... သူက Remember Password ဘာညာ Notification တွေမပြတော့ဘူးခင်ဗျ ... တခါထည်းကို မှတ်ထားပစ်လိုက်တာ ... တော်တော်ကို ဆိုးရွားတဲ့ နည်းပညာရပ်တခုပါပဲ ...
 From now on, when someone logs onto any site, they username and password will be saved automatically, without prompt!
To retrieve the account information, make sure Firefox is opened, go to Tools > Options... > Security Tab > click on saved passwords, then click on show passwords, and press yes!
အဲ့ဒီလိုလေးနောက်ဆုံးပိတ်မှာရေးထားမှတော့ ... အင်း သွားပြီပေါ့ဗျားးး ....

No comments: