တစ်ခါတစ်ရံမှာ အကြောင်းအမျိုးမျိုးကြောင့် Memory Stick တွေ၊ MP3,4 စသဖြင့် USB နဲ့
ဆက်နွယ်တဲ့ Devices တွေမှာ Data တွေထည့်လို့မရတာမျိုး..Format ချမရတာမျိုးတွေ
ဖြစ်တတ်ပါတယ်.သာမန် Format ချမရခြင်း..Format ချလိုက်လျှင် အောက်ခြေက
TaskBar ပေါ်မှာ Windows was unable to format..စသဖြင့် စာသားများပေါ်နေခြင်း စသည်တို့အတွက် စစ်ဆေးပေးမယ့် Software လေးတစ်ခုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။
ဒီ Software လေးဟာဆိုရင် အသုံးပြုရလွယ်ကူပြီး..ပျက်ပြီထင်လို့ပစ်ထားလိုက်တဲ့ Stick
တွေကို စစ်ဆေးပေးလိုက်တဲ့အခါမှာ ပြန်ကောင်းသွားတာမျိုးတွေရှိပါတယ်.။
အသုံးပြုပုံ
Software ကိုအရင် Download ချပါ။ ပြီးရင် Install လုပ်ပါ။ ပြီးတာနဲ့ စစ်ဆေးလိုတဲ့Stick ကိုစက်ထဲမှာထိုးထားပါ။ ပြီးရင် Software ကို Run လိုက်ပါ။
Select flash drive/card: နေရာမှာ မိမိထိုးထားတဲ့ Stick ရဲ့ Drive letter ကိုရွေးပေးလိုက်ပါ။ ပြီးတာနဲ့ Select test type ဆိုတဲ့နေရာမှာ Read ဆိုတာကိုအရင်ရွေးပြီး
Start test ကိုကလစ်လိုက်ပါ။ အောက်မှာအရောင်တွေနဲ့စတင်စစ်ဆေးပေးနေမှာဖြစ်ပါတယ်။
အစိမ်းတွေပဲပေါ်တယ်ဆိုရင်တော့ ကောင်းသေးတယ်.မပျက်သေးဘူးပေါ့..ပြီးဆုံးအောင် စစ်ဆေးပြီး Format ချရင် ကောင်းသွားပါမယ်။ အနီ၊ပန်းရောင်၊အ၀ါ တို့ကများနေမယ်ဆိုရင်
တော့ သိပ်အခြေအနေမကောင်းတော့ဘူး..တူနဲ့ထုဖို့နီးလာပြီပေါ့..:P စတာပါ..အဲလိုအရောင်တွေများနေပြီဆိုရင်တော့ Select test type နေရာမှာ Write,read and compare ဆိုတာလေးကိုရွေးပြီး..Start test ဆိုတာလေးကို ကလစ်ပေးလိုက်ပါ။
Data တွေပျက်သွားမယ်လို့စာသားပေါ်လာရင် Yes ကိုသာကလစ်ပေးပြီးဆက်စစ်ပေးလိုက်ပါ
ထူးခြားချက်အနေနဲ့ Stick ကောင်းရင်ကောင်းသလို စစ်ဆေးတာ မြန်ဆန်မှာဖြစ်ပါတယ်..
မကောင်းတော့ဘူးဆိုရင်တော့ စစ်ဆေးတာကြာပါလိမ့်မယ်ခင်ဗျာ။စစ်ဆေးနေစဉ်အတွင်း
Stick ကိုဖွင့်ခြင်း..Data ထည့်ခြင်း..စက်မှဖြုတ်ခြင်းလုံးဝမပြုလုပ်ပါနှင့်.ပျက်သွားတတ်ပါသည်
တကယ်လို့ အစ်ကိုအမတို့ရဲ့Stick ဟာ USB Write-Protection Error ပေါ်နေတယ်ဆိုရင်
တော့ စစ်ဆေးလို့ရမည်မဟုတ်ပါ။အဲဒီအတွက်ဖြေရှင်းနည်းကို သိချင်တယ်ဆိုရင် ဒီမယ် Click
ပြီးဖြေရှင်းနည်းကိုသွားကြည့်လိုက်ပါ။အဆင်ပြေကြပါစေလို့.ဆုတောင်းပေးလိုက်ပါတယ်နော်
ကျနော်လည်း ကျောင်းက အရမ်းကို နှိပ်စက်နေလို့ စာတောင် မရေးနိုင် ဖြစ်နေရတာပါ။ စာမေးပွဲကလည်း နိုဝင်ဘာ ၁၄ ဆိုစပြီ .. ဒီဇင်ဘာ ၄ ရက်နေ့ မှပြီးမှာ .. ကျောင်းစာမေးပွဲပြီးရင်တော့ အတိုးနဲ့ ကြိုးစားရေးပေးပါ့မယ်။ ရေးဖို့ စုထားတာလည်း အများကြီးပဲ။ တခြို့ဆို upload တောင် တင်ပြီးပြီး share ဖို့ နားလည်ပေးကြပါဦးဗျာ။ အဟောင်းလေးတွေ ရှာဖတ်ရင်းပေါ့ …. ကျေးဇူးပါ.။
ညီလေး ကြေးစားလေး ဆိုဒ်မှ post လေးပါ ပြန်လည် မှတ်တမ်းတင် ပေးလိုက်ပါတယ် တကယ်လို့
ကြိုက်တယ်ဆိုရင်တော့ ကြေးစားလေး ကိုသွားပီး ကျေးဇူးတင် စကားလေး ပြောပေးပါနော်
No comments:
Post a Comment