အခုအဲ့လိုမဖြစ်ရအောင် premium user ကဲ့သို့ဒေါင်းနိုင်တဲ့နည်းလမ်းလေးတစ်ခုကိုပြောပြမှာပါ..
ကျွန်တော်တို့်သုံးတဲ့ broser (mozilla firefox, crome, ie , opera ..etc) တိုင်းမှာ cookies တွေသိမ်းထား တဲ့နေရာလေးရှိပါတယ်.. ကျွန်တော်တို့ဘယ်ဆိုဒ်တွေဝင်ခဲ့တယ်..ဘာတွေကြည့်ခဲ့သလဲ..ဘာတွေလုပ်ခဲ့သလဲဆိုတာတွေကိုမှတ်ထား ပေးပါတယ်.. အဲ့ဒီတော့ ဒီနေ့ ကျွန်တော်က Rappidshare ထဲကဖိုင်တစ်ခုကိုဒေါင်းလိုက်တယ်.. နောက်တစ်ခုဒေါင်းမယ်လဲလုပ်ရော Rappidshare ဆိုဒ်က ကိုယ့် browserထဲက cookies တွေကိုလှမ်းကြည့်ပြီး သူဆိုဒ်မှာဒေါင်းထားတဲ့ cookies တွေကိုတွေ့တဲ့အတွက် နောက်တစ်ခုထပ်ဒေါင်းခွင့်မပေးတော့ပါဘူး.. နောက်နေ့ပြန်ဒေါင်းတော့လဲ အဲ့ cookies တွေကရှိနေသေးတဲ့အတွက် အပြိုင်ဒေါင်းတဲ့သူရှိပါတယ်ဆိုပြီးပြောပါတယ်..
အဲ့ဒီတော့ ကျွန်တော်တို့က အဲ့ cookies တွေကိုရှင်းထုတ်ပေးနိုင်မယ်ဆိုရင် တစ်နေ့လုံးကြိုက်သလောက်ဒေါင်းလို့ရပြီပေါ့ဗျား.. ကိုယ်က mozilla firefox ကိုသုံးပြီးဒေါင်းခဲ့တာဆိုရင် အဲ့ mozilla firefox broser ရဲ့ cookies တွေကိုပဲရှင်းပေးရမှာ .. အခြား browser တွေကိုရှင်းပေးစရာမလိုပါဘူး. အဲ့ဒီ cookies တွေကိုရှင်းပစ်ဖို့ ဘယ်နေရာကနေရှင်းပစ်ရမလဲဆိုတာကို အောက်မှာလမ်းကြောင်းလေးတွေပြထားပေးပါတယ်..
Mozilla Firefox Broser (for windows xp home professional)
Tools >> Options >> Privacy >> Remove individual cookies ကိုနှိပ်လိုက်ပါ.. box တစ်ခုကျလာရင် အဲ့ဘောက်စ်က Remove all Cookies ကိုနှိပ်လိုက်ပါ..
Google Crome Broser (for windows xp home professional)
ညာဘက်အပေါ်ထောင့်မှာ ဂွ ပုံစံလေးနဲ့ပြထားတဲ့ settings icon လေးကိုနှိပ်လိုက်ပါ.. ကျလာတဲ့ list menu ထဲက Options ကိုနှိပ်လိုက်ပါ..Options-Basic windows တစ်ခုပွင့်လာပါလိမ့်မယ်.. ဘယ်ဘက်ဘေးအောက်ဆုံးက Under the Hood ကိုကလစ်လိုက်ပါ... ပြီးရင် ညာဘက်အပေါ်နားက "Clear browsing data" ဆိုတာလေးကို နှိပ်လိုက်ပါ.. ဘောက်တစ်ခုပွင့်လာပါမယ်.. ပွင့်လာတဲ့ဘောက်စ်ရဲ့ အပေါ်နားမှာ မျှားလေးလေးကိုနှိပ်ပြီး "the beginnig of time" ကိုရွေးပေးလိုက်ပါ.. အောက်မှအားလုံးကိုအမှန်ခြစ်ပေးလိုက်ပါပြီး "clear browsing data" ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ.. cookies တွေရှင်းသွားပါလိမ့်မယ်..
Internet Explorer Broser
Tools >> Internet Options >> General ထိသွားပါ.. အဲ့မှာ Browsing History ခေါင်းစဉ်အောက်က Delete browsing history on exit ရဲ့ check box လေးမှာအမှန်ခြစ်ပေးလိုက်ပါ... ပြီးရင်အောက်က "Delete" ဆိုတာလေးကိုနှိပ်လိုက်ပါ.. ie က cookies တွေရှင်းသွားပါလိမ့်မယ်...လမ်းကြောင်းတွေကတော့ windows တစ်ခုနဲ့တစ်ခုတော့ မတူကြတာတွေရှိပါတယ်.. မေးစရာရှိရင် C-box လေးထဲမှာမေးခဲ့နိုင်ပါတယ်.. အောက်က command မှာလည်းမေးခဲ့နိုင်ပါတယ်..
လိုအင်ဆန္ဒပြည့်ဝကြပါစေ...
ဆက်လက်မျှဝေပါဦးမည်.......
No comments:
Post a Comment