Destop Background မှာ Video File လေးထားပြီး သုံးရအောင်
ဒါလေးကတော့ကွန်ပျုတာကိုထူးထူးဆန်းဆန်းလေးလုပ်ပြီးသုံးချင်သူတွေအတွက်တော့အသုံးဝင်လိမ့်မယ်လို့
ထင်ပါတယ်..။ကျွန်တော်တို့ကွန်ပျူတာကိုပုံမှန်အတိုင်းသုံးနေကြဖြစ်တဲ့ Destop Wallpaper လေးတွေအစား
Animation ပုံလေးတွေ Video File လေးတွေကို Destop Background အဖြစ်ပြောင်းပြီးအသုံးပြုလို့ရမယ့်
နည်းလမ်းလေးဖြစ်ပါတယ်..။အရမ်းလန်းတယ်နော်…။သုံးကြည့်လိုက်ရင်သိသွားမှာပါ..။အရင်ဆုံးမိမိတို့
Background ပြောင်းချင်တဲ့ Video File ကို Windows Media Player ( .wmv ) ဖိုင်ဆိုဒ်ကိုအရင်ပြောင်း
ပေးဖို့လိုပါလိမ့်မယ်..။Video မှ ( .wmv ) ဖိုင်ဆိုဒ်ကိုပြောင်းဖို့အတွက် Bigasoft Total Video Converter
အသုံးပြုပြီးဘယ်လို Convert လုပ်ရမယ်ဆိုတာကိုတော့ကျွန်တော်အောက်မှာပုံလေးတွေနဲ့ရှင်းပြပေး
ထားပါတယ်..။
အပေါ်ကပုံအတိုင်း Video File ကိုရွေးတဲ့နေရာမှာ English Font ပြောင်းပေးဖို့တော့လိုပါတယ်..။
မြန်မာဖောင့်ဆိုရင် Convert လုပ်ဖို့လက်ခံမှာမဟုတ်ပါဘူး..။
အပေါ်မှာရှင်းပြခဲ့သလို မိမိတို့ Background ချိန်းချင်တဲ့ Video File လေးကို ( .wmv ) ဖိုင်ဆိုဒ်ကိုပြောင်းပြီး
ပြီဆိုရင်တော့ Windows 7 DreamScene Activator 1.1 လေးကိုအောက်မှာဒေါင်းလော့ချလိုက်ပါ..။ပြီးရင်
အဲ့ဒီကောင်လေးကို Run as adimnistrator နဲ့ Run ပေးလိုက်ပါ.။ပြီးရင် Enable Dream Scene သို့
့ပြောင်းပေးလိုက်ပါ..။
ပြီးရင်တော့စောစောက Convert လုပ်ထားတဲ့ Window Media Player ဖိုင်လေးကို Right Click
ထောက်ပြီး Set as Destop Background ကိုနှိပ်လိုက်ယုံပါပဲ.။ဒါဆိုရင် Destop Background လေးက
Video File လေးနဲ့ပြောင်းသွားပါလိမ့်မယ်..။Windows Media Player ဖိုင်ဆိုဒ်အားလုံးကိုပြောင်းလို့ရ
ပါတယ်..။
ကျွန်တော် Bigasoft Total Video Converter လေးနဲ့ Windows 7 DreamScene Activator 1.1 ကိုအောက်
မှာတင်ပေးထားပါတယ်..။အဆင်ပြေတဲ့လင့်ကနေသာဒေါင်းလော့ချသွားလိုက်ပါ..။
Bigasoft Total Video Converter Download
Downloading From ifile.it
Downloading From Ziddu
Windows 7 DreamScene Activator 1.1 Download
Download From Ifile.it
Download From Mediafire
မူရင်းဆိုဒ်
Labels:
Software
Subscribe to:
Post Comments (Atom)
No comments:
Post a Comment