Gtalk မှာ Group chat (party chat) လုပ်နည်းလေးပါ



Gtalk မှာ ကိုယ်ပိုင် Group Chat လေးလုပ်ပီး chat box တစ်ခုထဲမှာ သူငယ်ချင်း ၊ မိတ်ဆွေတွေနဲ့  ဆွေးနွေးချင်တယ်ဆိုရင်...ဒါမှမဟုတ် အဖွဲ့ အစည်း..လုပ်ငန်းသုံးအတွက် group chat လေးလုပ်ချင်တဲ့လူတွေအတွက် လုပ်ပုံလုပ်နည်းလေး ပါ..ကဲ စလိုက်ကြရအောင်ဗျာ...

ပထမဆုံး http://partychapp.appspot.com/ ဆိုတဲ့နေရာလေးကို သွားလိုက်ပါ ...ရောက်သွားပီဆိုရင်အောက်မှာ How do I create a Room? ဆိုတဲ့ စာလေးတွေ့ လိမ့်မယ် ..အဲ့ဒီအောက်က sing in နေရာမှာ ကိုယ့် gmail နဲ့  sing in ၀င်လိုက်ပါ...ပီးတာနဲ့  Allow လုပ်လိုက်ပါ..ပီးတာနဲ့  အောက်ပုံလေးမှာပါတဲ့ Create a new room ဆိုတာလေးကို ကလစ်နှိပ်ပါ


ပီးတာနဲ့ အောက်ကလိုလေးထပ်ပေါ်လာမယ်......




အဲ့ဒီက Room name မှာ ကိုယ်ကြိုက်တဲ့ နာမည်လေးထည့်ပါ..

Room type မှာတော့ Invite-only နဲ့  Open ဆိုပီးနှစ်မျိုးပါပါတယ်...

Invite-only ကိုရွေးပေးမယ်ဆိုရင်တော့ ကိုယ်ဖွင့်ထားတဲ့ chat room မှာ ကိုယ်တိုင် invite လုပ်ထားတဲ့ လူတွေကလွဲပီး အပြင်လူတွေဝင်ရောက်ပြောဆိုလို့ လုံးဝရမှာမဟုတ်ပါ...

Open ကိုရွေးချယ်ထားရင်တော့ chat room လိပ်စာသိတဲ့လူတိုင်း ၀င်ရောက်ပြောဆိုလို့ ရမှာဖြစ်ပါတယ်...

အဲ့ဒီနှစ်ခုထဲက တစ်ခုကိုရွေးချယ်ပီးသွားပီဆိုရင်တော့ Other to invite : ဆိုတဲ့ အကွက်ထဲမှာ ကိုယ့်ရဲ့ gmail ကို ထည့်ပေးလိုက်ပါ... ပီးတာနဲ့  Create! ကို နှိပ်လိုက်ပါ...ဒါဆိုရင် ကိုယ်ပိုင် group chat လေးတစ်ခု ရသွားပီးပေါ့ခင်ဗျာ.....ပီးရင် the room's page ဆိုတဲ့ စာတမ်းလေးကို နှိပ်လိုက်တာနဲ့  ကိုယ့်ရဲ့ chat room page ကိုရောက်သွားပါလိမ့်မယ်... ရောက်သွားပီဆိုရင် အောက်နားက Invite People: ဆိုတဲ့အကွက်လေးထဲမှာ ကိုယ် invite လုပ်ချင်တဲ့လူရဲ့ gmail ကိုထည့်ပီး invite လုပ်လိုက်ရင်ရပါပီ...ပီးတာနဲ့ ကိုယ့်ရဲ့ gtalk မှာ ကိုယ်ဖွင့်ထားတဲ့ လိပ်စာနဲ့  invite တစ်ခုရောက်နေပါလိမ့်မယ်...လက်ခံလိုက်ပါ..ပီးတာနဲ့  ကိုယ်က invite လုပ်ထားတဲ့လူတွေက လက်ခံပေးပီးပီ ဆိုရင်တော့ ကိုယ့်ရဲ့ chat room လေးထဲမှာ ပြောချင်တာကို group chat အနေနဲ့ ပြောလို့ ရပီပေါ့ဗျာ....ဒီလောက်ဆိုရင်တော့ ကျတော့ရဲ့ သူငယ်ချင်း ၊ မိတ်ဆွေတွေလည်း သိလောက်ပီပေါ့ဗျာ...



လေကြောရှည်လက်စနဲ့ တလက်စထဲ့ chat room အသုံးပြုပုံလေးထပ်ပြောပြပါ့မယ် :)



chat room ထဲမှာ နာမည်ရေးချင်တယ်ဆိုရင် /alias * နာမည်* ဆိုပီးရိုက်ပါ..နာမည်နေရာမှာတော့ ကိုယ်ရဲ့နာမည်ပေါ့...ပီးရင် enter ခေါက်တာနဲ့  ကိုယ်ရဲ့နာမည်ကို အမည်းရောင်(bold) လေးနဲ့ သူများတွေကမြင်နေရပါလိမ့်မယ်...



chat room ထဲကလူတွေဘယ်သူအွန်လိုင်းမှာလက်ရှိ ရှိနေတယ်ဆိုတာသိချင်ရင် /list ပီးရင် enter...

ခဏနေတာနဲ့  chat room ထဲမှာ invite လုပ်ထားတဲ့ gmail တွေပေါ်လာပါလိမ့်မယ်..အွန်လိုင်းမှာလက်ရှိ ရှိနေတဲ့လူတွေရဲ့ gmail ဘေးမှာ (online) ဆိုပီးရေးထားတာတွေပါလိမ့်မယ်..

လက်ရှိအသုံးပြုနေတဲ့  chat room ကနေထွက်ခွာချင်တယ်ဆိုရင်တော့ /leave ကိုရေးပီး enter နှိပ်လိုက်ပါ...
ပြန်ပီးဝင်ချင်တယ်ဆိုရင်တော့ တစ်ခုခုရေးပီး enter နှိပ်လိုက်တာနဲ့  ပြန်ဝင်ပီးသားဖြစ်နေပါလိမ့်မယ်...
Gtalk party chat လုပ်တာလေး နဲ့ ပတ်သတ်ပီးအဆင်မပြေတာလေးတွေမေးမြန်းချင်တယ်ဆိုရင်တော့ comment လေးချန်ထားပေးပါ...

No comments: